ကြာဆစ်ကြိုး ************** ကြာြဖူ ကြာနီ ကြာညို နှောလို့ တို့လယ်တောမှာ ပွင့်ကြတယ်။ ကောက်စိုက်အပြန် ရေကန်ကြီး ကြာတစ်စည်းလောက် ချိုးခဲ့ကွယ် ကြာပွင့်ကြာငုံ ထုံထုံမွှေးကို မလေး ဘယ်သို့ သုံးပါ့မယ် ကြာရိုးကြာနွယ် ဘယ်ညာ ဆစ်လို့ ရွှေကြာဆစ်ရိုး ဆွဲပါ့မယ် ဆွဲပါ့မယ်။ Source: http://mdep.moe.edu.mm/DBEBox ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန (အခြေခံပညာ သင်ရိုးသစ်)