နားလည်မှုစာချွန်လွှာ(MOU) လို့ခေါ်တဲ့ မြန်မာ-ထိုင်း အသိအမှတ်ပြု အလုပ်အကိုင်အေဂျင်စီကနေ သွားရောက်တဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ တရားဝင်သွားရောက်နေပေမဲ့ အခက်အခဲမျိုးစုံနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ကြုံနေရတယ်လို့ ဘီဘီစီကိုပြောပါတယ်။ လုပ်ကိုင်ရမယ်ဆိုတဲ့ လုပ်ငန်းခွင်ကို မရောက်ဘဲ တခြားလုပ်ငန်းခွင်မှာ အလုပ်ဝင်ရတာ၊ စက်ရုံမှာလိုအပ်တဲ့ ဝန်ထမ်းအရေအတွက်ထက် အေဂျင်စီတွေက ပို့လိုက်တာကြောင့် ထိုင်းမှာ အလုပ်မရဘဲ လနဲ့ချီသောင် တင်နေတာ၊ အစမ်းခန့်ကာလမှာ အကြောင်းပြ အလုပ်ထုတ်ပယ်ခံရတာတွေ ကြုံနေရတယ်လို့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကပြောပြကြပါတယ်။ ရွှေ့ပြောင်းလုပ်သား ၄ သိန်းနီးပါးအထိရှိတဲ့ ထိုင်းနိုင်ငံက ရေထွက်ကုန်အများဆုံးထုတ်လုပ်ရာ မဟာချိုင် အရပ်မှာ MOU လုပ်သားတွေရင်ဆိုင်နေရတဲ့အခက်အခဲကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ #ဘီဘီစီမြန်မာပိုင်း #မြန်မာ #MOU #ရွှေ့ပြောင်းလုပ်သား #ရွှေ့ပြောင်းလုပ်သား #မဟာချိုင် #ထိုင်း